မုံးကိုး ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတ ရစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ် (၃)နာရီအချိန်တွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးကိုယ်စား ဒေါ်လွေးအမ်ဆေး(ရုပ်/သံ-၃) က စာအုပ်စာပေသည်လူသားတို့အတွက် အရင်းအနှီးဖြစကြောင်း အစချီ၍ စာအုပ်၏အရေးပါပုံများကို ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ၏ "ဦးလည်မသုန်'´ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ပါသည်။ အဆိုပါစာအုပ်ထဲတွင် “ပညာကိုသာကြိုးစားပါ၊ စည်း” စသည့် အတွေးအမြင်စာစုဖြစ်သောကြောင့် စာပေချစ်မြတ်နိုးသူများ စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မူးယစ်ဆေးဝါးအသိပညာပေးအတွက် ဓာတ်ပုံပြပွဲပါ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်းကို သိရှိရပါသည်။
မေစံပယ်ဖူး(မုံးကိုး)