နယ်ရုံးများ၏သတင်းများ

Jun 23,2023
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများသိရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ရေစကြိုမြို့ပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများထံ အခမဲ့ဖြန့်ဝေသည်။
Jun 23,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 23,2023
ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကိုဇွန်လ (၂၃) ရက် နံနက် (၉) နာရီတွင် လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြညသူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပသည်။
Jun 23,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် သက်ဆိုင်သည့် ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါ ဂေဟစနစ် ထိခိုက်မှုဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။