May 24,2023
ကျုံပျော်ခရိုင်၊ငါးသိုင်းချောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လည် (၂) နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဇင်မီမီဝင်းက စာပေဖတ်ရှု့ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ချယ်ရီမြင့်က စားသုံးသူများရှောင်ကြဥ်ရမည့် အစားအသောက်များနှင့် စားသုံးသူများ၏အခွင့်အရေးများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။