ကိုကိုးကျွန်း သြဂုတ် ၅
ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဌာနတို့ ပူးပေါင်းကျင်းပသော လျပ်စစ်ဓာတ်အား ချိုးခြံခြွေတာရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကိုကိုးကျွန်းမြို့နယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကိုကိုးကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းမင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးချမ်းမြေ့အောင်က လျပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနှင့် ကာကွယ်သတိပြုရန်တို့ကိုလည်းကောင်း၊ မြို့နယ် မီးသတ်စခန်းတာဝန်ခံ ဦးအောင်နေလင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကိုကိုးကျွန်းမြို့နယ်ရုံးက ခင်းကျင်းပြသထားသော ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲအား တက်ရောက်လာကြသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)