ကန့်ဘလူမြို့၌ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကန့်ဘလူ ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်( )အခြေခံပညာအထက်တန်း ကျောင်း၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းများကို ဩဂုတ် ၇ ရက်နံနက် ၉ နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့ အ.ထ.က( )ကျောင်းတွင် ကျောင်းသားကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံပေးနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် အဆိုပါကျောင်း၌ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် သုံးထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုများ၊ အမှတ်()ရပ်ကွက် ခရေလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ အချိန်မီ ပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီကောင်းမွန်ရေးတို့အတွက် ဆွေးနွေးမှာကြားခဲ့သည်။

ထို့ပြင် အဆိုပါနေ့က အမှတ်( )ရပ်ကွက် အထက(ခွဲ)ညောင်အိုင်ကျောင်းတွက်လည်း အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသားကျောင်းသူများအား ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက အဖွဲ့ခွဲ၍ ထိုးနှံပေးခဲ့ကြောင်းနှင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအနေဖြင့် အ.ထ.က ()မှ ၂၉၅ ဦး၊ အ.ထ.က(ခွဲ)ညောင်အိုင်မှ ၂၂၁ ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)