May 22,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးက ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကိုလက်လှမ်းမီစွာ ဖတ်ရှု့လေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများ လက်ဝယ်အရောက် သွားရောက်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်အိုးအိမ်ဦးစီးဌာန၊ ပြည်တော်သာဝန်ထမ်းအိမ်ရာနှင့် ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။