နယ်ရုံးများ၏သတင်းများ

Aug 22,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် လူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ (Youth Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာမ ခင်စောတင့်ရေးသားထားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။            
Aug 22,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာသန်စွမ်းသောမျိုးကောင်းမျိုးသန့်နွားများ ရရှိစေရေးအတွက် နွားမေထုံမဲ့သားစပ်နည်း သင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Aug 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သက်ကြီးရွယ်အိုဘိုးဘွားများနှင့် မသန်စွမ်းသူများ ကျန်းမာကြံ့ခိုင်မှုရှိစေရေး အတွက် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းကို မွေတော်ပရိယတ္တိစာသင်တိုက် မြို့ဦးဓမ္မာရုံ၌ ဩဂုတ် ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Aug 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေး၊ ခြင်ပေါက်ပွားမှုမရှိစေရေးတို့အတွက် ခြင်းဆေးဖျန်းခြင်းများကို ဩဂုတ် ၂၀ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ် ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရွှေယမုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 22,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြို့နယ် ပြည်သူ့ဆေးရုံ၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Aug 22,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များအသိပညာ ဗဟုသုတကြွယ်ဝစေရန်ဗလငါးတန်နှင့် ပြည့်စုံ၍ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူထုပရိတ်သတ်ရှေ့ပြောဆို ဆွေးနွေးတတ်စေရန် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်း ကျောင်း အ.ထ.က-၁ ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
Aug 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဟိုတိကျေးရွာ အုပ်စုရှိ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲကို ဩဂုတ် ၂၀ ရက်နေ့ နံနက် ၁၀ နာရီက ဟိုတိကျေးရွာအုပ်စု၊ နမ့်လန်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။