ဇီးကုန်းမြို့နယ်တွင် နွားမေထုံမဲ့သားစပ်နည်း သင်တန်းဖွင့်လှစ်

ဇီးကုန်း    ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာသန်စွမ်းသောမျိုးကောင်းမျိုးသန့်နွားများ ရရှိစေရေးအတွက် နွားမေထုံမဲ့သားစပ်နည်း သင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 သင်တန်းဖွင့်ပွဲ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် မေထုံမဲ့သားစပ်နည်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြား၍ သင်ထောက်ကူပစ္စည်းများအား  ပေးအပ်ခဲ့ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ဒေါက်တာဇော်မင်းဦးမှ သင်တန်း ဆက်လက်ပို့ချခဲ့ရာ ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား(၂၁)ဦး တက်ရောက်ခဲ့ကြောင်းနှင့် ၂ ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)