ရန်ကုန် ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ် ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရွှေယမုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် သမဝါယမဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေါပုံမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဘုန်းနိုင်က မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ ဒါရိုက်တာအဖွဲ့မှ တင်သွင်းသည့် အစီရင်ခံစာကို အသင်းဝင်ဦးမြင့်ဆွေက ဖတ်ကြားပြီး အသင်းဝင် ဦးဝင်းခိုင်က ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များ၊ အသင်းဝင်များ စုံစုံညီညီတက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ထို့အပြင် အသင်းဝင်များ နှစ်စဥ်ရရှိနေကြဖြစ်သည့် အကျိုးခံစားခွင့်များကိုလည်း ဆက်လက်ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)