နယ်ရုံးများ၏သတင်းများ

Jul 14,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသပေးလျက်ရှိကြောင်း သိရသည်။
Jul 14,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၃) ရွာထောင်ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Jul 14,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် ဇူလိုင် ၁၉ ရက်တွင် ရောက်ရှိမည့်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အလံတိုင်ရှေ့တွင် ကျင်းပသည်။
Jul 14,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
Jul 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ပန်လော့ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
Jul 14,2023
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
Jul 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နေ့လည် ၁၂ နာရီက ဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 14,2023
အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ စုကလိမြို့နေ ပြည်သူများ တွင်ကျယ်စွာ သိရှိဆောင်ရွက်နိုင်ပြီး (MSME) လုပ်ငန်းများအား တစ်ပိုင်တစ်နိုင်မှတစ်ဆင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍများကို အထောက်အကူပြုစေရန် ရည်ရွယ်ချက်များဖြင့် “နိုင်ငံ့စီးပွားမြှင့်တင်ဖို့ အသေးစား၊ အလတ်စား စီးပွားရေးဆောင်ရွက်စို့” ခေါင်းစဥ်ဖြင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက စုကလိမြို့ လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်တွင် ပြသခဲ့သည်။