ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-(၁) ၌ လူငယ်စကားဝိုင်းကျင်းပ

နမ့်ဆန် သြဂုတ် ၂၂

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များအသိပညာ ဗဟုသုတကြွယ်ဝစေရန် ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူထုပရိတ်သတ်ရှေ့ပြောဆို ဆွေးနွေးတတ်စေရန် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍    ယမန်နေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်း ကျောင်း အ.ထ.က-၁ ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးကိုယ်စား (အထက်တန်းပြ) ဆရာမ ဒေါ်ရီရီခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်စကားဝိုင်း ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်း ကို ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-(၁) မှ Grade-11 ကျောင်းသူ မဆုရွှေရည်ထက်က “လူငယ်ဘ၀” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသားမောင်ကျော်လင်းက “လေ့လာဆည်းပူးတတ်သည့် စိတ်ကိုအစဉ်ထိန်းသိမ်းမွေးမြူခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်အောင်မင်းဟန်က “ပညာနှင့် ကိုယ်ကျင့်”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဆောင် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုအပေါ် သိရှိလိုသည်များကို တက်ရောက်လာသည့် ကျောင်းသူ၊ ကျောင်းသားများမှ မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိအကြီးအကဲများက ပြန်လည်ဖြေကြားခဲ့ပြီး လူငယ် စကားဝိုင်းသို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-(၁) မှ ဆရာ/ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ခင်းကျင်းပြသပေးရာ ကျောင်းသား/ကျောင်းသူများမှ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)