မက်မန်း ဩဂုတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေး၊ ခြင်ပေါက်ပွားမှုမရှိစေရေးတို့အတွက် ခြင်းဆေးဖျန်းခြင်းများကို ဩဂုတ် ၂၀ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့များသည် ခြင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများမဖြစ်ပွားစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးတို့ အတွက် မက်မန်းမြို့အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ခြင်များ ပေါက်ပွားလွယ်သော ရေဝပ်နေရာများ၊ စာသင်ခန်းများတွင် ခြင်ဆေးများဖျန်းခြင်းနှင့် ရေဝပ်နေရာများအား မြေဖို့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)