မိုင်းရယ် ဩဂုတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဟိုတိကျေးရွာအုပ်စုရှိ တောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲကို ဩဂုတ် ၂၀ ရက်နေ့ နံနက် ၁၀ နာရီက ဟိုတိကျေးရွာအုပ်စု၊ နမ့်လန်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က တောင်သူများ ပုံစံ(၇)လျှောက်ထားခြင်း နှင့်ပတ်သက်၍လည်းကောင်း၊ ပုံစံ(၇) ရရှိပါက ရရှိနိုင်မည့်အခွင့်အလမ်းများနှင့် အရေးကြီးပုံကိုလည်းကောင်း ရှင်းလင်းပြော ကြားခဲ့ပြီး တောင်သူများ လယ်ယာမြေလုပ်ပိုင်ခွင့် ခိုင်မာမှုရှိစေရန်အတွက် လျှောက်ထားရန် ကျန်ရှိသည့် လယ်ယာမြေများကိုလည်း တရားဝင်လျှောက် ထားနိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က ပြည်သူလူထုအား လယ်ယာမြေလုပ် ပိုင်ခွင့်ပြုပုံစံ လက်မှတ် ပုံစံ(၇)ထုတ်ပေးခြင်းနှင့်ပတ်သက်၍ လယ်ယာမြေဉပဒေ၊ နည်းဉပဒေများ၊ အခွင့်အရေးများ၊ စည်းကမ်းများနှင့် အရေးယူခြင်းဆိုင်ရာများကို မြန်မာ၊ရှမ်း နှစ်ဘာသာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဉက္ကဋ္ဌ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ဟိုတိကျေးရွာအုပ်စုအပါအဝင် ရပ်ကွက် တစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄)အုပ်စုမှ တောင်သူ(၆၃)ဦး၊ ဦးပိုင်ပေါင်း(၁၀၇)ဦး၊ လယ်ယာမြေဧရိယာ စုစုပေါင်း(၆၄၉ ဒသမ ၁၇)ဧကအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များကို တောင်သူများ လက်ဝယ်ထံသို့ ထုတ်ပေးခဲ့သည်။
မိုင်းရယ်မြို့နယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကို ကျေးရွာအုပ်စု ၂၁ အုပ်စု၊ ဦးပိုင်ပေါင်း ၅၃၁၄ ဦး၊ လယ်ယာမြေဧရိယာ ၁၆၁၆၅ ဒသမ ၁၂ ဧက ထုတ်ပေးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
မိုင်းရယ်ပြန်/ဆက်