မိုင်ပန် ဩဂုတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သက်ကြီးရွယ်အိုဘိုးဘွားများနှင့် မသန်စွမ်းသူများ ကျန်းမာကြံ့ခိုင်မှုရှိစေရေး အတွက် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းကို မွေတော်ပရိယတ္တိစာသင်တိုက် မြို့ဦးဓမ္မာရုံ၌ ဩဂုတ် ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းတွင် မိုင်းပန်မြို့နယ်တပ်မတော်မှ စေတနာ့ဝန်ထမ်း ခွဲစိတ်ဗိုလ်ကြီးအောင်မျိုးထက်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ “နမ့်ခုံး” စေတနာ့ဝန်ထမ်းများ စုပေါင်း၍ သက်ကြီးရွယ်အိုဘိုးဘွားများအား ကိုယ်လက်ကျန်းမာရေး ပြုလုပ်ပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချို/သွေးချိုရောဂါများ စစ်ဆေးပေးခြင်းနှင့် အထွေထွေကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး ဘိုးဘွားများနှင့် သံဃာတော်များအတွက် လိုအပ်သောဆေးဝါးများကို “နမ့်ခုံး” ရှမ်းများပရဟိတအသင်းခွဲမှ အခမဲ့ပေးအပ်လှူအပ်ဒါန်းခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)