စုကလိ သြဂုတ် ၂၉
စာအုပ် စာပေဖတ်ရှု့ရာတွင် စာအုပ်ပါ အကြောင်းအရာများအား အသင်းအဖွဲ့များဖြင့် ပြန်လည်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ဝါသနာတူစာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်း (Book Club)မှ ဦးဆောင်၍ စာဖတ်ဝိုင်းအား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မြင်းခြံကျော်အောင်ရေးသားသည့် ကျန်းမာချမ်းသာအောင် ဘယ်လိုလုပ်မလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ အငယ်တန်းစာရေးအင်အား(ပြ) ဒေါ်စိုးမို့မို့ဌေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောပြပြီး စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးညီညီအောင်က စာမျက်နှာ ၃၇ ပါ အသက်ဉာဏ်စောင့် ဆောင်းပါးဖြင့်လည်းကောင်း၊ ထို့နောက် အဖွဲ့ဝင်တစ်ဦး ဖြစ်သူ နော်မူးမူးက စာမျက်နှာ ၈၇ ပါ လူလတ်ပိုင်းအရွယ် ကျန်းမာရေး ဆောင်းပါးဖြင့်လည်းကောင်း၊ အသင်းဝင်တစ်ဦးဖြစ်သူ မနှင်းစန္ဒာက စာမျက်နှာ ၁၈၄ ပါ အကျင့်ဆိုးတွေ ပြင်နိုင်ရင် ဆောင်းပါးတို့ကို အပြန်အလှန်ဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက်စာဖတ်ဝိုင်း သို့တက်ရောက်လာကြသည့် စာဖတ်ပရိတ်သက်များနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းတို့က သိရှိလိုသည့် အကြောင်းအရာများအား အပြန်အလှန် ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့် စာဖတ် ဝိုင်းအား တစ်လလျှင် ၂ ကြိမ်ခန့် (Book Club) အဖွဲ့ဝင်များ၊ စာဖတ်ပရိတ်သက်များဖြင့် ပူးပေါင်း၍ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပိုပိုအောင်