မိုင်းစံ ဩဂုတ် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ ဖလှယ်တက်စေရန်နှင့် အချင်းချင်းရင်းနှီးချစ်ကြည်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် (Book Club) အဖွဲ့ဝင် ဦးချစ်စမ်းမောင်က “အမွေခံတစ်ယောက် အမွေးပေးသူ တစ်ရာ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး၊ စာပေချစ်မြတ်နိုးသူ နန်းအိမ့်ရွှန်းလဲ့သာက “ဂုဏ်ယူစရာ ကြိုးစားစရာ” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ စိုင်းဆန်းတောက်က “ပညာတက်ဖို့ စာဖတ်ရမည်” ခေါင်းစဉ်ဖြင့်လည်ကောင်းဖြင့်လည်ကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)