ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ရာသီဥတုပြောင်းလဲမှု ဟန့်တားတိုက်ဖျက်ရေးအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၃၀

ရာသီဥတုပြောင်းလဲမှု ဟန့်တားတိုက်ဖျက်ရေးအကြောင်း အသိပညာပေး Talk Showကို ဩဂုတ်လ ၂၉ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေး Talk Show အစီအစဉ်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးတို့က ကမ္ဘာ့ရာသီဥတုများ ပြောင်းလဲဖောက်ပြန်ရသည့် အကြောင်းအရင်းများ၊ မှန်လုံအိမ်ဓာတ်ငွေ့များ၏အကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချရေးနည်းလမ်းများ၊ ရာသီဥတုပြောင်းလဲမှုကိုဖြစ်ပေါ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုလျော့ကျစေရေး လိုက်နားရမည့်အချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် online မှတစ်ဆင့် အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်၊ ပြန်/ဆက်)