မန်တုံ စက်တက်ဘာ ၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယုယုအောင်က မြန်မာနိုင်ငံ ကလေးအလုပ်သမား အကြောင်းအရာများ၊ ကမ္ဘာ့ကလေးအလုပ်သမား အကြောင်းရာများ၊ ကလေးသူငယ်များအား အလုပ်ခိုင်းစေခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ကလေးအလုပ်သမား အဖွဲ့အစည်းဖြစ်သော အိုင်အယ်လ်အိုမှ ကလေးအလုပ်သမားပပျောက်ရေးကို အလေးပေးဆောင်ရွက်မှုများ၊ ကလေးအလုပ်သမား အဖြစ်နိုင်ငံအလိုက် သတ်မှတ်ထားမှုများ၊ ကလေးအခွင့်အရေးများ၊ ကလေးအလုပ်သမားဥပဒေများ အစရှိသည်များကို ဗဟုသုတရဖွယ် အသိပညာပေး ဟောပြောခဲ့သည်။
မန်တုံ ပြန်/ဆက်