နမ့်စန်(တ)မြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းဆောင်ရွက်

နမ့်စန်(တ) စက်တင်ဘာ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်စာပေဝါသနာရှင်များအသင်း (Book Club) ၏ ပုံမှန်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လယ် ၂ နာရီက ဆောင်ရွက်ခဲ့ရာ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် မြို့နယ်စာပေဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များ၊ ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင်က စာဖတ်ဝိုင်းများ လစဉ်ပုံမှန် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက စာရေးဆရာမ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းကို စာပေဝါသနာရှင် စာဖတ်သူများ တိုးပွားလာစေရန်နှင့် စာဖတ်သူအချင်းချင်း ဗဟုသုတများ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ယနေ့ စာဖတ်ဝိုင်းဆောင်ရွက်သည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်တွင် မကြည်မလင်ဖြစ်နေသော စိတ်များကို တွန်းလှန်တတ်စေရန်၊ သင့်တော်သော အစားအသောက်များ စားသုံးရန်၊ အကောင်းဘက်က တွေးတတ်စေရန်၊ မိဘများက သားသမီးများအပေါ်ထားသည့် အမြဲကာကွယ်စောင့်ရှောက်လိုသည့် စိတ်နေစိတ်ထားနှင့် လူတိုင်းတစ်ဦးနှင့်တစ်ဦး တွေ့ဆုံချိန်တွင် ကောင်းသောအမြင်များ ထင်ဟတ်ကျန်ရစ်ကြစေရန် စသည်တို့ပါဝင်၍ ဖတ်ရှုသင့်သည့် ဘာသာပြန် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။

သူရအောင်(နမ့်စန်)