Jul 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၂၀၂၃-ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။