နမ္မတူမြို့နယ် မူလွန် (၃)ကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ ကျင်းပ

နမ္မတူ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးမာလွင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ ရွှေ့ပြောင်းသွားလာမှုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ လူကုန်ကူးရောင်းဝယ်မှုအခြေအနေနှင့် အမျိုးအစားများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ မြန်မာနိုင်ငံရှိ လက်ရှိဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် ဆက်စပ်သည့် တည်ဆဲဥပဒေများ၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်မှုပေးရန်နှင့် တားဆီးကာကွယ်ခြင်းဆိုင်ရာဆောင်ရွက်ရန် နည်းလမ်းများ စသည့်အကြောင်းအရာများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသူက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။

ထို့အပြင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး၊ မူယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဆေးလိပ်သောက်သုံခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးနံရံကပ်စာစောင်အား ပြသခဲ့ရာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)