နယ်ရုံးများ၏သတင်းများ

Aug 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ဒေါက်တာသန်းသန်းဆွေ (မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး(အငြိမ်းစား))တို့ ပူးပေါင်း၍ မိုးရာသီတွင် အဖြစ်များသည့် သွေးလွန်တုတ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုပေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။
Aug 24,2023
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသော “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။
Aug 24,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/ ၂၀၂၃) ဖွင့်ပွဲ အခမ်းအနား ကို ဩဂုတ် (၂၃) ရက်၊ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။
Aug 23,2023
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင်၌ ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၂)နာရီက ကျင်းပကြောင်းသိရသည်။
Aug 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း၏ ခန်းမဆောင်၌ အသိပညာပေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ယမန်နေ့ နေ့လည်(၁)နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
Aug 23,2023
လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာ၊ ဗဟုသုတသများ တိုးပွားလာစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတ ကျောင်းခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
Aug 23,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက အ.ထ.က ပုလုပ်တောင်ကျောင်းရှိ ဦးဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 23,2023
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာရေး၊ စားသုံးသူရေးရာ၊ အား/ကာနှင့် ပြန်/ဆက်ဌာနများ ပူးပေါင်းကာ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။