တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

တောင်သာ  စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲ အချိန်က  စာပေမြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင်များမှ စာရေးဆရာ  ကျော်ကျော်လှိုင်ရေးသားသော  ပျော်ရွှင်ခြင်း  စာအုပ်မှအခန်း(၂)ပျော်ရွှင်မှုကိုနေ့စဉ်ရရန် အခန်းမှ စိတ်ပူပန်တတ်တဲ့အကျင့်ကိုပျောက်ပါ အခန်းအားဆွေးနွေးရာတွင် လူတွေဟာ နေ့စဉ် အရာရာကို ပူပန်နေတတ်ကြကြောင်းအလုပ်မှာ လူကြီးဆူမှာပြောမှာ ကလေးနေမကောင်းဖြစ်မှာ အိမ်နီးချင်းတွေက အထင်သေးမှာ စသည်ဖြင့် အမျိုးမျိုးပူပန်တက်ကြကြောင်း စိတ်ပူတယ်ဆိုတာ ကံဆိုးခြင်းကို လက်ယပ်ခေါ်သလိုဖြစ်ပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေကြောင်း စိတ်ပူပန်တက်တဲ့အကျင့်ကို ဖျောက်ပစ်ရမှာဖြစ်ကြောင်း စိတ်ပူမဲ့အစား လုပ်စရာရှိတာ ချက်ချင်းလုပ်ရမည်ဖြစ်ကြောင်း ပြဿနာဆိုတာကတော့ ရှိနေမှာပါပဲ ပြဿနာအခက်အခဲတွေ နဲ့ ကြုံတွေ့လာပါက  လက်တွေ့ကျကျဖြေရှင်းဖို့လိုကြောင်း  အခက်အခဲဆိုတာကလည်း  အသက်ရှင်နေသရွေ့ နေ့စဉ်တွေ့နေရမှာဖြစ်ကြောင်း ပူပန်နေလို့လည်း အခက်အခဲကို ကျော်လွှားနိုင်မည်မဟုတ်ကြောင်း ပူပန်နေမဲ့အစား လုပ်သင့်တာကိုချက်ချင်းလုပ်ပါ  ပူပန်မှုကိုဖျောက်နိုင်ရင် ပျော်ရွှင်မှုက ရောက်လာမှာဖြစ်ကြောင်း စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)