Jul 14,2023
အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ စုကလိမြို့နေ ပြည်သူများ တွင်ကျယ်စွာ သိရှိဆောင်ရွက်နိုင်ပြီး (MSME) လုပ်ငန်းများအား တစ်ပိုင်တစ်နိုင်မှတစ်ဆင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍများကို အထောက်အကူပြုစေရန် ရည်ရွယ်ချက်များဖြင့် “နိုင်ငံ့စီးပွားမြှင့်တင်ဖို့ အသေးစား၊ အလတ်စား စီးပွားရေးဆောင်ရွက်စို့” ခေါင်းစဥ်ဖြင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက စုကလိမြို့ လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်တွင် ပြသခဲ့သည်။