လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာပေများ ပုံမှန်ငှားရမ်းပေး

လိပ်သို   စက်တင်ဘာ    ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များတွင် ပုံမှန်ဖွင့်လှစ်လည်ပတ်လျက်ရှိရာ ယနေ့နံနက် ရုံးဖွင့်ချိန်မှစတင်ပြီး ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေ ငှားရမ်းသူများဖြင့် စည်ကားလျက်ရှိသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက လိပ်သိုမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား လူငယ်များ မြို့ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဗဟုသုတကြွယ် ဝစေရန်ရည်ရွယ်ပြီး မြို့ ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်ရုံးချိန်အတွင်း ဖွင့်လှစ်ကာ ကလေးစာပေများ၊ သုတ၊ ရသစာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများ ရရှိစေမည့် စာအုပ်များကို ဖတ်ရှုစေခြင်းနှင့် ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)