မတ္တရာ ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ၏ မိဘအရင်းသဖွယ် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မတ္တရာမြို့နယ် မိဘရင်းသဖွယ် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းမှ မိဘရင်းသဖွယ်ပြုစုစောင့်ရှောက်ခြင်းနှင့် စီစစ်ကြီးကြပ်ရေးအဖွဲ့၏ တာဝန်များကိုရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးသူငယ်ဖွံ့ဖြိုးရေးအသင်း စီမံချက်တာဝန်ခံ ဦးအောင်စိုးဦးမှ မိဘအရင်း သဖွယ်ပြုစုစောင့်ရှောက်ရန် လာရောက်လျှောက်ထားသူ (၈)ဦးနှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် လူမှုဝန်ထမ်းဦးစီးဌာန လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူ ဒေါ်သန်းသန်းစိုးမှ လျောက်ထားသူ(၈)ဦး၏ နေအိမ်များသို့ သွားရောက်စဉ် တွေ့ရှိချက်များကို တင်ပြခဲ့သည်။
ယင်နောက် တက်ရောက်လာသည့် ကော်မတီဝင်များမှ တွေ့ရှိချက်များအပါ် မေးမြန်းဆွေးနွေး ခဲ့ကြပြီး လျောက်ထားသူများအား အတည်ပြုရွေးချယ်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာကော်မတီဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မတ္တရာမြို့နယ်မှ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီဝင်များ၊ ကလေးသူငယ်ဖွံ့ဖြိုးရေး အသင်းစီမံချက် တာဝန်ခံများ၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)