သုံးခွ ဖေဖေါ်ဝါရီ ၂၄
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အခြေခံပညာမူလတန်း (စတုတ္ထတန်း)နှင့် အခြေခံပညာအလယ်တန်း(အဋ္ဌမတန်း) စာမေးပွဲကို ယနေ့ နံနက် ၁၀ နာရီက သက်ဆိုင်ရာကျောင်းများ၌ ဖြေဆိုခဲ့ကြောင်း သိရသည်။
ယင်းသို့ အတန်းတင်စာမေးပွဲ ဖြေဆိုရာသို့ သုံးခွမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းမြင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
သုံးခွမြို့နယ်တွင် စတုတ္တတန်းစာစစ်ဌာန(၁၅၀)၌ ဖြေဆိုရန်စာရင်းပေးသွင်းထားသူ (၃၀၄၉)ဦး ရှိပြီး(၃၀၃၈)ဦး ဖြေဆိုကာ(၁၁)ဦး ပျက်ကွက်ခဲ့ပြီး အဋ္ဌမတန်းစာစစ်ဌာန(၃၈)ခုတွင်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ(၂၁၄၁)ဦးရှိပြီး (၂၃၂၃)ဖြေဆိုကာ(၁၈)ဦး ပျက်ကွက်ကြောင်းသိရသည်။
အဆိုပါ စာမေးပွဲအား စတုတ္ထတန်းကျောင်းသား/သူများက ဖေဖေါ်ဝါရီ၂၄ ရက်နေ့မှ ၂၈ နေ့ထိ ဖြေဆိုမှာဖြစ်ပြီး အဋ္ဌမတန်း ကျောင်းသား/သူများကဖေဖေါ်ဝါရီ၂၉ ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။
စည်သူလင်း (ပြန်/ဆက်)