ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ (၂၂)ကြိမ်​မြောက်အခမဲ့ကွန်ပျူတာသင်တန်းဖွင့်လှစ်

နတ်မောက်  ဖေဖော်ဝါရီ  ၂၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက်(၉)နာရီက ပြန်/ဆက်ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခမဲ့ ကွန်ပျူတာသင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာခင်က သင်တန်းသား/သင်တန်းသူများ ရက်ပျက်မရှိ တက်ရောက်စေရေးနှင့် သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ ရပ်ကွက်ကျေးရွာများရှိ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများ၊ ဘွဲ့ရရှိပြီးသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၁၆)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဖြိုးအိအိဇော်နှင့် ဒေါ်သင်းသင်းမြတ်တို့က ကွန်ပျူတာအခြေခံသင်တန်းကို တစ်လကြာသင်ကြား ပို့ချသွားမည်ဖြစ်၍ နေ့စဉ်နံနက်(၉)နာရီမှ မွန်းတည့်(၁၂)နာရီအတွင်း ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လှဝင်း(နတ်မောက်)