ကျောက်ထု ဖေဖော်ဝါရီ ၂၄
ပခုက္ကူခရိုင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနက ကြီးမှူး၍ ဂန့်ဂေါခရိုင် ကျောက်ထုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြောဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာကြည်ဦးနှင့်အဖွဲ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများကို ဟောပြောဆွေးနွေးသည်။
ထို့နောက် ပခုက္ကူခရိုင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့်အဖွဲ့သည် ကျောက်ထုမြို့ဒေသရှိ မော်တော်ဆိုင်ကယ် ၈၃ စီးနှင့် မော်တော်ယာဉ် ၄ စီးအတွက် လိုင်စင် သက်တမ်းတိုးမြှင့်ခြင်းကို ဆောင်ရွက်ပြီး ယာဉ်မောင်းလိုင်စင် ၅၅ စောင်ကို ဆောင်ရွက်ပေးကြ ကြောင်း သိရသည်။
မောဟေမာန် (ပြန်ဆက်)