မိုင်းဆတ် ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို Grade-5 စာစစ်ဌာန(၆၀)နှင့် Grade-9 စာစစ်ဌာန(၉)ခုတို့တွင် ယနေ့ နံနက်(၉)နာရီက စတင်ဖြေဆိုနေပြီဖြစ် ကြောင်းမြို့နယ်ပညာရေးမှူးရုံး မှသိရသည်။
အဆိုပါ နှစ်ဆုံးစာမေးပွဲကို Grade-5 စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၀၀၆)ဦးရှိရာ လာရောက်ဖြေဆိုသူ (၉၉၀)ဦး၊ ပျက်ကွက်(၁၆)ဦး နှင့်Grade-9 စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၇၇)ဦးရှိပြီး ဖြေဆိုသူ (၃၇၂)ဦး၊ ပျက်ကွက်(၅)ဦး ဖြင့်စတင် ဖြေဆိုခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်ရှိ ကျောင်းပေါင်း(၉၃)ကျောင်းမှ Grade-5 စာဖြေဆိုခွင့်ရက်များမှာ ဖေဖော်ဝါရီ (၂၄)မှ(၂၈) ရက်နေ့ထိဖြစ်ပြီး Grade-9 စာမေးပွဲဖြေဆိုရက်များကို ဖေဖော်ဝါရီ(၂၄)မှ (၂၉)ရက် နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)