နယ်ရုံးများ၏သတင်းများ

Feb 28,2020
အနာဂတ်၏မျိုးဆက်သစ်လူငယ်များ စာပေကိုစိတ်ဝင်စားလာစေရန်နှင့် စာပေတန်ဖိုးကို သိရှိ နားလည်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ရွှေပြည်သာကွက်သစ် (သီလဝါ) ၌ ကျေးရွာစာကြည့်တိုက် ဖြစ်မြောက်ရေး အထိမ်းအမှတ် စာပေဟောပြောပွဲကို ဖေဖော်ဝါရီလ ၂၉ ရက် ညနေ ၅ နာရီတွင် ရွှေပြည်သာကွက်သစ်ဓမ္မာရုံ၊ သီလဝါကျေးရွာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Feb 28,2020
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နံနက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club) တို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Feb 28,2020
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၂၀)ရပ်ကွက် ဗိုလ်တေဇလမ်းခင်းရန် အတွက် တာဝန်ရှိသူများသည် လမ်းသူလမ်းသားများနှင့် ယနေ့ နံနက်ပိုင်းတွင် ရပ်ကွက်ဓမ္မာရုံ၌ တွေ့ဆုံခဲ့သည်။
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့တွင် ဆေးလိပ်အန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းကို ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ယနေ့ မွန်းလွဲ (၁) နာရီအချိန်က အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Feb 28,2020
နိုင်ငံတစ်ချို့တွင် ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် 2019 Novel Corona Virus (အဆုတ်ရောင်) ကူးစက်ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် သာယာဝတီမြို့ လူစည်ကားရာ ကားဂိတ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
Feb 28,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် Book Club Woman Club Youth Club တို့နှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိပညာ ဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါ ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က ဒေါက်တာနေဇင်လတ် ရေးသားသည့် "ပညာခေတ်ဖြင့် မြင့်မားသော စံချိန်" စာအုပ်ဖြင့် ကျင်းပပြုလုပ်သည်။
Feb 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေလူငယ်များ အသက်မွေးဝမ်းကျောင်းမှု အထောက်အကူဖြစ်စေရန် နည်းပညာနှင့် အတတ်ပညာများရရှိပြီး တစ်ဦးချင်း၀င်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်အတွက် ဆိုင်ကယ်ပြင်သင်တန်းကို ဖေဖော်ဝါရီ ၁၀ ရက်က ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
Feb 28,2020
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေ အသိပညာပေး ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာ စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။