စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှအသိပညာ ဗဟုသုတများရရှိစေရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကော့ကရိတ်   ဖေဖော်ဝါရီ  ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် Book Club Woman Club Youth Club တို့နှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိပညာ ဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါ ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က ဒေါက်တာနေဇင်လတ် ရေးသားသည့် "ပညာခေတ်ဖြင့် မြင့်မားသော စံချိန်" စာအုပ်ဖြင့် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းရှိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာ စာရေးဆရာ ဒေါက်တာနေဇင်လတ် ရေးသားသည့် "ပညာခေတ်ဖြင့်မြင့်မားသောစံချိန်"စာအုပ်မှ "အိုင်ကျူနှင့်အီးကျူ" ၊ "အမှားနှင့်ကင်းသည့်လူ"၊ အလုပ်ဖြစ်ခြင်း မဖြစ်ခြင်း" ခေါင်းစဉ်တို့ကို Book Club Woman Club Youth Club အဖွဲ့ဝင်များဖြစ်သည့် ဦးတင်မောင်လှ၊ ဦးကျော်ဇေယျ၊ ဒေါ်ခင်ကြူအေး၊ ဦးဖြိုးဝေ၊ ဒေါ်ချယ်ရီသင်းတို့မှ ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်သူများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ Club အဖွဲ့ဝင်များ၊ တောင်ကြာအင်းကျေးရွာ၊ တောင်ကမ္မရိုက်ကျေးရွာ စာကြည့်တိုက်ကော်မတီဝင်များ၊ စာပေချစ်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခင်မျိုးဝင်း(ကော့ကရိတ်ပြန်/ဆက်)