ကလေး ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့တွင် ဆေးလိပ်အန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းကို ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ယနေ့ မွန်းလွဲ (၁) နာရီအချိန်က အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဆေးလိပ်အန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ကျင်းပရခြင်းမှာ ကျောင်းသား၊ ကျောင်းသူတို့အနေဖြင့် ငယ်ရွယ်စဉ်ပညာသင်ယူနေသည့် ကာလအတွင်း မူးယစ်ဆေးလမ်းစ အဖြစ် ဆေးလိပ်ကို ရှောင်ကျဉ်တတ်စေရန်နှင့် ပညာကို ဆုံးခန်းတိုင်သင်ယူနိုင်စေရန်တို့ကို ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့စကားဝိုင်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်း၊ မြို့နယ်သူနာပြု အဆင့်-၁ ဒေါ်မြမြသိန်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်နှင်းစန္ဒာနှင့် သဘာဝချစ်သူများအဖွဲ့မှ ဦးသန့်ဇင်ဝင်းတို့က ဆွေးနွေးပေးခဲ့ကြသည်။
သျှင်နေမင်း(ဂန့်ဂေါ)