မိုးနဲ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေလူငယ်များ အသက်မွေးဝမ်းကျောင်းမှု အထောက်အကူဖြစ်စေရန် နည်းပညာနှင့် အတတ်ပညာများရရှိပြီး တစ်ဦးချင်း၀င်ငွေတိုးပွား၍ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်အတွက် ဆိုင်ကယ်ပြင်သင်တန်းကို ဖေဖော်ဝါရီ ၁၀ ရက်က ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် မြို့နယ်စီမံကိန်း ဦးစီးမှူး ဦးကျော်သူရက သင်တန်းဆင်းအမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နောင်ထွေးက သင်တန်းမှပို့ချပေးလိုက်သော သင်ခန်းစာများကို အပြင်နယ်ပယ်အသီးသီးတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး အတွက် အကျိုးရှိရှိအသုံးပြုကြရန်မှာကြားသည်။
ထိုနောက် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်သည်။ အဆိုပါသင်တန်းကို မိုးနဲမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုမှ သင်တန်းသား(၂၀)ဦး တက်ရောက် ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ၁၈ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပိုချပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)