လှိုင်သာယာ ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၂၀)ရပ်ကွက် ဗိုလ်တေဇလမ်းခင်းရန် အတွက် တာဝန်ရှိသူများသည် လမ်းသူလမ်းသားများနှင့် ယနေ့ နံနက်ပိုင်းတွင် ရပ်ကွက်ဓမ္မာရုံ၌ တွေ့ဆုံခဲ့သည်။
အဆိုပါ လမ်းအား ကွန်ကရစ်လမ်းခင်းရာတွင် လမ်းနယ်မလွတ်သော စျေးဆိုင်၊ အဆောက်အဦ၊ အဖီ၊ အမိုးစွန်းများအား ကာယကံရှင်များက ဖယ်ရှားရှင်းလင်းပေးရန်နှင့် အမြင်မတင့်တယ် မှုများ၊ လမ်းခင်းခြင်းလုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြရာ လမ်းသူလမ်းသားများက ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လမ်းလုပ်ငန်း၊ ရေစီးရေလာဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဗိုလ်တေဇလမ်းသူ လမ်းသားများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ လမ်းအား ၂၀၁၉ - ၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်တာ(ပြန်/ဆက်)