နယ်ရုံးများ၏သတင်းများ

Feb 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အခြေခံပညာ အထက်တန်းကျောင်း ကရဝိက်ခန်းမ၌ ကျင်းပခဲ့သည်။
Feb 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး Budget ဖြင့် ဆောင်ရွက်နေသည့် ခရမ်း - ကရင်ကန် ဆက်သွယ်ရေးလမ်း ကွန်ကရစ်ခင်းကျင်းနေမူ များကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှူစစ်ဆေးခဲ့သည်။
Feb 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက် နိုင်ငံတော်ကာကွယ်ရေးဝင်းအတွင်းရှိ အသက်(၆)လမှစ၍ (၅)နှစ်အောက်ကလေးများ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကင်းဝေစေရန်နှင့် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေရန်အတွက် ဗီတာမင်အေ၊ သန်ချဆေး တိုက်ကျွေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးခြင်းတို့ကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 28,2020
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် အခြေခံပညာအဆင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ ခရိုင်အလိုက် လူရည်ချွန်ရွေးချယ်ခံရသူများစာရင်းကို သက်ဆိုင်ရာမှထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်မှ ကျောင်းသားသုံးဦး ရွေးချယ်ခံရကြောင်း သိရှိရသည်။
Feb 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမန်ကြက်ခြေနီအသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် သန်လျင်မြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အရေးပေါ်တုံ့ပြန်ရေး(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် သန်လျင်မြို့ ထန်းပင်ကုန်းရပ်ကွက် စတုဘုမ္မိက မဟာသတိပဋ္ဌာန် ကျောင်းတိုက်၌ ကျင်းပသည်။
Feb 28,2020
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ တရားမဝင်ရောင်းချနေသည့် စက်သုံးဆီ ဆိုင်များကို တိုင်းဒေသကြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီမှ ဌာနခွဲမှူး ‌ဒေါ်ခင်မာကြည်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီး ပိတ်သိမ်းသွားရန် ပထမအကြိမ် တရားဝင်အသိပေးအကြောင်းကြားခဲ့ကြောင်း သိရသည်။
Feb 28,2020
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နေပြည်တော်တွင် ဖွင့်လှစ်ထားသော စွမ်းရည်မြှင့်သင်တန်း (၁/၂၀၂၀) မှ သင်တန်းသား၊ သင်တန်းသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသားပြတိုက် များသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
Feb 28,2020
လှိုင်သာယာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီက "လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။