နယ်ရုံးများ၏သတင်းများ

Aug 11,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ စာရေးဆရာဖေမြင့်၏ အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်းစာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ Community Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Aug 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်သည် ယခင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ထက် လျော့နည်းမှုရှိကြောင်း သိရသည်။
Aug 11,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ကျောင်းသား/သူဟောင်းများမှ စုပေါင်း၍ မိုင်းလုံမြို့ အ.ထ.က ကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၃:၃၀)အချိန်က ဆောင်ရွက်ခဲ့သည်။
Aug 11,2020
ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကောင်းပေကောင်းဖတ်ရှုနိုင်ရန်အတွက် စာရေးဆရာ စိုးဝင်းနိုင် (ကျောက်ဆည်) ရေးသားသော "ဘဝတစ်ခုစာစုလေးဆယ်"စာအုပ်ကို စုကလိမြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်းက မြို့ပြည်သူ့စာကြည့်တိုက် သို့ ယမန်နေ့နံနက်ပိုင်းက လာရောက်လှူဒါန်းသည်။
Aug 10,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့က Online မှတဆင့် ထုတ်ပြန်ကြေညာခဲ့ရာ လယ်ဝေးမြို့နယ်၌ စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူ (၁၇၅၁)ဦး ရှိကြောင်း သိရသည်။
Aug 10,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန online website များတွင် ထုတ်ပြန်ကြေညာ‌ခဲ့သည်။
Aug 10,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ Home Quarantine ဝင်နေသော အသက် ငါးနှစ်အောက် ကလေးတစ်ဦးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။