မိုင်းယောင်းမြို့၌ Home Quarantine ဝင်နေသော အသက် ငါးနှစ်အောက်ကလေးအား ထောက်ပံ့ငွေပေးအပ်

မိုင်းယောင်း  ဩဂုတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ Home Quarantine ဝင်နေသော အသက် ငါးနှစ်အောက် ကလေးတစ်ဦးကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ် ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေးကြီး ဦးသိန်းစိုး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်နန်းကိန်ခိုင်၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတို့က ထောက်ပံ့ငွေကျပ် ၃၀၀၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)