မိုင်းလုံ သြဂုတ် ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ကျောင်းသား/သူဟောင်းများမှ စုပေါင်း၍ မိုင်းလုံမြို့ အ.ထ.က ကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းပေးအပ်ရာတွင် မိုင်းလုံမြို့တွင်နေထိုင်သော ကျောင်သား/ သူဟောင်းများ စုပေါင်း၍ မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းအတွက် ခြေနင်းအမှိုက်ပုံး (၇)လုံး၊ နှာခေါင်းစည်း (၄၅၀)ခုနှင့် ဆေးသေတ္တာ (၁)လုံးတို့ကို ကျောင်းအုပ် ဆရာမကြီးထံ ပေးအပ်လှူဒါန်းပြီး ဆရာ/မများအတွက် ကြာဇံကြော်၊ ကျောင်းသား/သူ များအတွက် ပဲနို့နှင့်ပေါင်မုန့်များကိုလည်း အာဟာရဒါနအဖြစ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)