မိတ္ထီလာ သြဂုတ်လ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ စာရေးဆရာဖေမြင့်၏ အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ် အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ Community Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်း နာယက ဘိုးမျိုး (ရွှေဘို) နှင့် သျှီ (အင်းကြင်း) တို့က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်အိအိသန်းက စာဖတ်ဝိုင်းကျင်းပရခြင်းအကြောင်း ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက စာရေးဆရာဖေမြင့်၏ အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးကြရာ စာရေးဆရာ စံလင်းဦးက အခွင့်အရေးဆိုသည်မှာ ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ စာရေးဆရာ ဦးကျော်ဝင်းက အောင်မြင်ရမည်ဟူသော စိတ်ဓာတ်၊ စာရေးဆရာ တင်ကျောက်တန်းက စိတ်ချမ်းသာ ပျော်ရွှင်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ကိုသစ္စာကအလုပ်ကို မကြောက်သည့်စိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးတင်သော်က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်သော်နှင့်အသင်းဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)