လယ်ဝေးမြို့နယ်တွင် ၂၀၁၉−၂၀၂၀ စာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ (၁၇၅၁)ဦး ဖြေဆိုအောင်မြင်

လယ်ဝေး     ဩဂုတ်  ၁၀

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့က Online မှတဆင့် ထုတ်ပြန်ကြေညာခဲ့ရာ လယ်ဝေးမြို့နယ်၌ စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူ (၁၇၅၁)ဦး ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်း စာစစ်ဌာန (၁၃)ခုတွင် ကျောင်းသား/သူ (၆၂၄၅)ဦး၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုထားရှိရာ (၅)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၄၂)ဦးနှင့် (၁)ဘာသာ ဂုဏ်ထူးရှင် (၁၆၁)ဦး စုစုပေါင်း ကျောင်းသား/သူ (၂၁၇)ဦး ထူးချွန်စွာ အောင်မြင်ခဲ့သည်။ အောင်ချက် ရာခိုင်နှုန်းမှာ ( ၂၈ ဒသမ ၀၄ ) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လယ်ဝေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်က စာစစ်ဌာနများအလိုက်  စာရွက်ဖြင့်ကြေညာ ထားရှိကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)