သာယာဝတီခရိုင်၌ ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း၌အမည်ပါဝင်ပြီး မှတ်ပုံတင်နံပါတ်ဖြည့်သွင်းရန် ကျန်ရှနေသူများအတွက် အချိန်မီဖြည့်သွင်းနိုင်ရေးညှိနှိုင်းဆွေးနွေး

သာယာဝတီ  သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း၌ ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း၌ အမည်ပါဝင်ပြီး မှတ်ပုံတင် နံပါတ်ဖြည့်သွင်းရန်ကျန်ရှိနေသူများအား အချိန်မီဖြည့် သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၁၀ ရက် နံနက် ၁၀နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက မဲဆန္ဒရှင် စာရင်း ပြည်သူများ လွယ်ကူစွာ ကြည့်ရှုနိုင်စေရေးနှင့် ပြည့်စုံ မှန်ကန်မှုရှိစေရေး ခရိုင်အလိုက် ဆောင်ရွက်ပေးမှု အခြေအနေကို လည်းကောင်း၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေးအေးမော်က မဲဆန္ဒရှင်စာရင်းများပြင်ဆင်ချက်၊ ကန့်ကွက်ချက်များအပေါ် နေ့စဉ်ဆောင်ရွက်နေမှုအခြေအနေများ ကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်စိုးက ကျေးရွာအုပ်စု အလိုက် မှတ်ပုံတင်ရရှိရေး ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေနှင့် ဝန်ထမ်းအင်အားစာရင်းကို လည်းကောင်း၊ မဲဆန္ဒရှင်စာရင်းများ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဆောင်ရွက် နေမှု အခြေအနေနှင့် ရွေ့ပြောင်း လုပ်သားများနှင့် ပတ်သက်၍ သတ်မှတ်ချက်များနှင့်အညီ မဲပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း တင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့သည်။

သာယာဝတီခရိုင်တွင် မြို့နယ်()မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးနိုင်မည့် လူဦးရေမှာ (၈၄၁၂၂၀)ဦး ရှိကြောင်း သိရှိရသည်။

သန့်ဇော်(ခရိုင်ပြန်/ဆက်)