စုကလိ ဩဂုတ် ၁၁
ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကောင်းပေကောင်းဖတ်ရှုနိုင်ရန်အတွက် စာရေးဆရာ စိုးဝင်းနိုင် (ကျောက်ဆည်) ရေးသားသော "ဘဝတစ်ခုစာစုလေးဆယ်"စာအုပ်ကို စုကလိမြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်းက မြို့ပြည်သူ့စာကြည့်တိုက်သို့ ယမန်နေ့နံနက်ပိုင်းက လာရောက်လှူဒါန်းသည်။
ထိုသို့လှူဒါန်းရာတွင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်နိုင်လင်းက စာအုပ်များကို လက်ခံရယူပြီး ပြည်သူများ ၎င်းစာအုပ်အား လေ့လာဖတ်ရှုနိုင်ရန်အတွက် မြို့ပြည်သူ့စာကြည့်တိုက်တွင် စာရင်းပြုစု၍ ခင်းကျင်းနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ "ဘဝတစ်ခုစာစုလေးဆယ်" စာအုပ်တွင် ဘဝအခြေပြုပညာပေးစာစုများ၊ သုတအခြေပြုပညာပေးစာစုများ၊ စဉ်းစား တွေးခေါ်မှု အခြေပြုစာစုများနှင့် စိတ်အပန်းပြေမှုအခြေပြုဟာသစာစုများ စသည်ဖြင့် သုတ/ရသစုံလင်စွာရေးသားထားကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)