ကျိုင်းတုံမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ (၇၆၀)ဦး ဖြေဆိုအောင်မြင်

ကျိုင်းတုံ   ဩဂုတ်   ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန online website  များတွင် ထုတ်ပြန်ကြေညာ‌ခဲ့သည်။

ကျိုင်းတုံမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား (၁၀၁၅)ဦး၊ ကျောင်းသူ (၁၅၅၆)ဦး စုစုပေါင်း(၂၅၇၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ၅ ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် (၁၆)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၈၁) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၆၄၉)ဦး၊ ဖြေဆို အောင်မြင်သူ ကျောင်းသား (၂၉၂)ဦးနှင့် ကျောင်းသူ (၄၆၈)ဦး၊ အောင်မြင်သူ စုစုပေါင်း(၇၆၀) ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၂၉.၅၆% အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ    အောင်စာရင်းများကို ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန၏ online website  များတွင် ထုတ်ပြန်ကြေညာ‌ပေးခဲ့သည့်အပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ကျိုင်းတုံမြို့နယ်ရှိ သက်ဆိုင်ရာကျောင်းများ၌ ကပ်ထားကြေညာ ပေးပြီးဖြစ်ရာ လူအုပ်စုမဖြစ်ပေါ်ရေး၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြား စီတန်းကြည့်ရှုနိုင်ရေးတို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပူး‌‌ပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/သူများနှင့် မိဘများကလည်း ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ လာရောက်ကြည့်ရှုနိုင်ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)