နယ်ရုံးများ၏သတင်းများ

Aug 11,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး‌ကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများအား ရုံးရှေ့မြေစိုက်ဘုတ်နှင့် နံရံကပ်ပြဘုတ်များဖြင့် ယနေ့နံနက်ပိုင်းမှ စတင်ကာ ပြသဆောင်ရွက်လျက်ရှိသည်။
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျေးရွာ(၈)ရွာအား ရန်ပုံငွေ လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံက် (၁၀:၀၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း များကိုသတ်မှတ် ပုံစံအတိုင်းသက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများ၌ ပြည်သူများလာရောက်ကြည့်ရှုနိုင်ရေး
Aug 11,2020
ထိုင်းနိုင်ငံတွင်သွားရောက်နေထိုင်ခဲ့ပြီး နေရပ်အသီးသီးသို့ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့သို့ ယနေ့နံနက် ၃နာရီ ခွဲက ရောက်ရှိခဲ့ကြောင်းသိရသည်။
Aug 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်စျေးရပ်ကွက်၌ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Aug 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် Access to Health ရန်ပုံငွေဖြင့် မာရီစတုပ်(ခ်) မြန်မာ (MARIE STOPES MYANMAR) နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Aug 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ဝမ်ပန်ကျေးရွာရှိ မြေ(၅)ဧက ခန့်အား ၁၉၉၁ ခုနှစ်တွင် မြို့နယ်ရေအားလျှပ်စစ်ပိုင်မြေနေရာအဖြစ် သိမ်းဆည်းထားရှိသည့် မြေအား မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ဩဂုတ်လ ၁၁ ရက်၊ နံနက်(၉:၃၀)အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။