နယ်ရုံးများ၏သတင်းများ

Aug 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Face Shield နှင့် ပါးစပ်နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးမဏ္ဍပ်၌ ကျင်းပခဲ့သည်။
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့် ရှိသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေး အတွက် ယမန်နေ့ နံနက်ပိုင်းက သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက် /ကျေးရွာ အုပ်စုများ၌ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိသည်။
Aug 17,2020
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည့် Cash For Work စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်း က ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း နှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 17,2020
ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု၊ ဝါးခရာကျေးရွာတွင် ရွာတွင်းသဲဗြုန်းလမ်းခင်းခြင်းလုပ်ငန်းကို ယနေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း ထံမှ သိရသည်။
Aug 17,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ အထက်တန်းအဆင့် ဖွင့်လှစ်သင်ကြားနေမှုအား စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ယနေ့နံနက် ၉ နာရီအချိန် က ဒုတိယအကြိမ် ရှောင်တခင်သွား ရောက်စစ်ဆေးခဲ့သည်။
Aug 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၁၀ နာရီအချိန် က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာရေးဆရာ အောင်သင်း ရေးသားထားသော ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
Aug 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင် စုများအား နိုင်ငံတော်အစိုးရ မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခြင်း ကို ယမန်နေ့ နံနက်ပိုင်းတွင် ကဒက်ကွင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။