တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လွှတ်တော်ကိုယ်စားလှယ် လောင်းများအမည်စာရင်း ထုတ်ပြန်ကြေညာ

မိုင်းယောင်း  စက်တင်ဘာ   ၁

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို စက်တင်ဘာ ၁ ရက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး နံရံကပ်ပြဘုတ်၌ ပြသ ဆောင်ရွက်ထားကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃) လွှတ်တော်ကိုယ်စားလှယ်လောင်း ရှစ်ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ်လောင်း ခုနစ်ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ်လောင်း ခြောက်ဦးတို့၏ အမည်စာရင်းနှင့် ရှမ်းပြည်နယ်လွှတ်တော်မဲဆန္ဒနယ် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်များကို ခင်းကျင်းပြသထားကြောင်း သိရသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကြေညာကပ်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

စိုင်းအောင်ဇော်လင်း