ပန်းတနော် ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ယမန်နေ့ ရက်နေ့ နံနက် ၉ နာရီတွင် ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၇)ဦး၊ ဧရာဝတီ တိုင်းဒေသ ကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၄)ဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦးနှင့် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်လောင်း (၈)ဦး၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်းများမှ (ကရင်)တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၆)ဦးနှင့် (ရခိုင်)တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စား လှယ်လောင်း (၅)ဦး စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်လောင်း (၃၅)ဦးရှိပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာခဲ့သည်။
ပန်းတနော်မြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂)အုပ်စု၊ ကျေးရွာပေါင်း (၄၄၉)ရွာအတွက် မဲရုံပေါင်း (၂၁၇)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)