နယ်ရုံးများ၏သတင်းများ

Aug 13,2020
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တက်ရောက်ကြမည့် ကျောင်းသား/သူများအတွက် ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ၊ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Aug 13,2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်များ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်နှင့် ဝန်ထမ်းများက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းနှင့်အတူ ယမန်နေ့နံနက် ၉ နာရီက တံခွန်တိုင်ကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာ မူလတန်းကျောင်းတွင် အသက် ၁၈ နှစ်ပြည့်ပြီး ကျေးရွာပြည်သူ ၃၆ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်တစ်မြို့နယ်လုံး၏ ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌ အောင်ချက်ရာခိုင်နှုန်းသည် ယခင်နှစ်ထက် လျော့နည်းကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
Aug 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ယနေ့က မြို့ပေါ်ရပ်ကွက်များရှိ အသက်ခြောက်လမှ ငါးနှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်က ကုန်းခါရပ်ကွက်၊ ရွှေအုဋ်အံဓမ္မာရုံတွင် စတင်တိုက်ကျွေးလျက်ရှိကြောင်း သိရှိရသည်။
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စိုက်ပျိုးရေးသုံးပစ္စည်းများအား သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိတို့ကို ယမန်နေ့က ဘဟဲကျေးရွာအုပ်စုနှင့် မလှိုင်ကုန်းကျေးရွာအုပ်စုများရှိ ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Aug 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်(OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာ၊ မေတ္တာခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 13,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ VDP ရန်ပုံငွေဖြင့် ဝမ်မိုင်ကျေးရွာတွင် ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက အဆိုပါလမ်းသစ် မုဒ်ဦးတွင်ကျင်းပသည်။