နယ်ရုံးများ၏သတင်းများ

Mar 20,2024
မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီတို့ကလှူဒါန်းသည့် စာအုပ်စာစာစောင်များအား ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက် (၄) တိုက်တို့အား ပြန်လည်၍ ပေးအပ်လှူဒါန်းပေးခြင်းအခမ်းအနားနှင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော် မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 20,2024
ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁)နာရီအချိန်က ရပ်ကွက်အတွင်းနှင့် ဌာနဆိုင်ရာရုံးများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးမြင့်မားစေရန်ရည်ရွယ်၍ ပန်းချီနှင့် ပုံတူပန်းချီ ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
Mar 20,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 20,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်သင်ကြားပေးသည်။
Mar 20,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club ပူးပေါင်း၍ ပုံပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီ အချိန်က  ကျင်းပခဲ့သည်။
Mar 19,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အားကစားပြိုင်ပွဲအား ယနေ့ မွန်လွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
Mar 19,2024
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်းရှိ Book Club နှင့် Youth Club အဖွဲ့ဝင်များသည် မြို့နယ်ရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက စာရေးဆရာဖေမြင့်၏ “ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။